ရွှေဘိုမြို့တွင်စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကျင်းပ

ရွှေဘို သြဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်စားသုံးသူ ရေးရာဦးစီးဌာနမှကြီးမှူး ကျင်းပသောစားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းအချိန် ရွှေဘိုမြို့ အမှတ်(၁)စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက် တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာမှ တာဝန်ရှိသူကစားသုံးသူဆိုတာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုလုပ်ရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုလုပ်ရန်မဟုတ်ဘဲကိုယ်တိုင်သုံးစွဲမှုအတွက်သော်၎င်း၊အခြားသူအတွက်သော်၎င်း၊ရည်ရွယ်၍ဝယ်ယူခြင်း၊ ရယူခြင်းကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ်ပေးကမ်း ထောက်ပံ့ခြင်း ခံရသူများကို ဆိုလိုကြောင်း၊ စားသုံးသူ၏အခွင့် အရေးများ၊စားသုံးသူ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စီမံခန့်ခွဲရေးအရ အရေးယူခြင်း၊ တိုင်ကြားခြင်းနှင့် စီစစ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းများကို အကျယ်တဝင့် ဆွေးနွေးပြောကြား ခဲ့ပြီးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်