မိုင်းရှူးမြို့နယ်၊ ပန်စွဲအခြေခံပညာမူလတန်း (မူလွန်) ကျောင်း၏ ၂၀၁၉-၂၀၂ဝပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
မိုင်းရှူး ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ ပန်စွဲအခြေခံပညာမူလတန်း (မူလွန်) ကျောင်း၏ ၂၀၁၉-၂၀၂ဝ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီက ပန်စွဲ၊ အခြေခံပညာမူလတန်း(မူလွန်) ကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မင်းသိန်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။