ရခိုင်ပြည်နယ် မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားကို ဩဂုတ် ၁၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ် MSME အသင်းအဖွဲ့ဝင်များ၏ စီးပွားရေးလုပ်ငန်များနှင့်  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူးရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ် MSME အသင်းအဖွဲ့ဝင်များ၏ စီးပွားရေးလုပ်ငန်းများနှင့်  ၂၀၂၃-၂၀၂၄ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းကို  ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင် တက္ကသိုလ် စာပေဟောပြောပွဲ အခမ်းအနား တက်ရောက်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်အခြေခံဦးစီးဌာန မော်လမြိုင်တက္ကသိုလ် စာပေဟောပြောပွဲအခမ်းအနားကို သြဂုတ် ၁၅ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တီးတိန်မြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများလူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီ၊ မေ၊ ဇွန်လများအတွက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ကယားပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ ကျင်းပ

ကယားပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ  တက်ရောက်ခဲ့ကြသည်။
Subscribe to