ကော့ကရိတ်မြို့ ဇိနသုခလောကသရဖူစေတီတော်၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာစုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီက ဇိနသုခလောက သရဖူ စေတီတော်ရှိ သဟပုညကာရီဓမ္မာရုံ ၌ ကျင်းပပြုလုပ်သည်။