ကွန်ဟိန်းမြို့၌ ရှမ်းပြည်နယ်အစိုးရမှ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် (Urea) ပုလဲဓာတ် မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ကွန်ဟိန်း  ဩဂုတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရမှ မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် (Urea) ပုလဲဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလေးဝင်းက ရှမ်းပြည်နယ်အစိုးရမှ မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် (Urea) ပုလဲဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တောင်သူ(၂၄)ဦး၏ မိုးစပါး(၇၅) ဧကအတွက် ပုလဲဓာတ် မြေဩဇာ(၇၅) အိတ်အား တောင်သူများ လက်ဝယ်သို့   ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်း (ပြန်/ဆက်)