ရေဦးမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်ရေဦးမြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့တို့ ပူးပေါင်း၍ ဩဂုတ် ၁၅ ရက်နံနက် ၁၀ နာရီက ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို အောင်ချမ်းသာရပ်ကွက်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။