ကရသူရိမြို့၊ အခြေခံပညာအထက်တန်း ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကရသူရိ သြဂုတ် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းခရိုင်၊    ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝပြီး အနာဂတ်တွင် အဖိုးတန်သားကောင်း ရတနာများပေါ်ထွန်း စေရေးလူငယ်ရေးရာ အသိပညာပေးဟော ပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောင်းခန်းမဆောင်၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရ သည်။

ရှေးဦးစွာ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက လူငယ်ဆိုသည်မှာ တိုင်းပြည်၏ အနာဂတ်ဖြစ်သည့် အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလ ဟူသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်း/ သမီးကောင်းများ ဖြစ်လာစေရန် စာအုပ်စာပေများကို အမြဲလေ့လာဖတ်ရှုရန်လိုအပ်ကြောင်း စသည်တို့ကိုဟောပြောသည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ်အားကစားမှူး စော်ကျော်စိုးမိုးက နေ့စဥ်ကိုယ်လက် လှုပ်ရှားပေးခြင်းသည်ကျန်းမာစွာ နေထိုင်နည်းကိုအထောက်အကူပြုကြောင်း၊ ကျောင်းသား/ သူများနှင့် လူငယ်/ လူရွယ်များသည် အနာဂတ် အားစကား မောင်/မယ်များဖြစ်သည့် အတွက်အားကစားပညာရပ်များကို လေ့လာသင် ယူကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် အသိပညာ ဗဟုသုတရရှိရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှု အန္တရာယ်အကြောင်းတို့ကို နံရံကပ်ဘုတ်များဖြင့်ပညာပေးပြသရာ ကျောင်းသား/ သူများက စိတ်ဝင်တစ်စားလေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်ခြင်းသည် ကျောင်းသား/ လူငယ်များ အသိပညာ ဗဟုသုတရရှိရေး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရ သည်။

ကရသူရိ(ပြန်/ဆက်)