ပြည်မြို့ ကိုးသောင်း မူလတန်းလွန်ကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်မြို့ ကိုးသောင်း မူလတန်းလွန်ကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်မိုဘိုင်းယာဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်ရန် စီစဉ်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် မျက်မှန်အခမဲ့ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများအား အမြင်အာရုံကောင်းမွန်စေရန်အတွက် မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို တောင်ငူခရိုင် မျက်စိအထူးကုဆရာဝန် ဒေါက်တာဒေါ်ခင်ဝင်းမော် ဦးဆောင်သော ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် မျက်မှန်အခမဲ့ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝန်း အတွင်းရှိ လူနာစောင့်များနားနေဆောင်တွင် ဆောင်ရွက်ပေးခဲ့သည်။

စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ် ဧကရာဒ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ ဖြစ်စေရန် ရည်ရွယ်၍  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်   ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဓာတ်မြေဩဇာများကို လွိုင်လင်မြို့နယ် တောင်သူများထံပေးအပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ဓာတ်မြေဩဇာများကို လွိုင်လင်မြို့နယ် တောင်သူများထံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက တောင်သူ ဦးတေဇ၏ လယ်အနီးတွင် ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ဓာတ်မြေဩဇာများ ပေးအပ်ပါသည်။

ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်းဖွင့်ပွဲ မြန်အောင်တွင်ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၃)စက်မှုလယ်ယာစခန်းမြန်အောင်၌ ယနေ့နံနက်က ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင် ပြုပြင်ထိန်းသိမ်းမှု(အခြေခံ) တောင်သူသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

သိန္နီမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါး ပန်းတိုင်ထွက်ရှိရေးအတွက် ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါး ပန်းတိုင်ထွက်ရှိရေးအတွက် ဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။

စစ်ကိုင်းမြို့ရှိ တက္ကသိုလ်များနှင့် ဌာနဆိုင်ရာများသို့ ကျန်းမာရေး ရန်ပုံငွေ လှူဒါန်းပေး

စစ်ကိုင်းမြို့ရှိ တက္ကသိုလ်များနှင့် ဌာနဆိုင်ရာများသို့ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)ဥက္ကဋ္ဌ ဦးအောင်ကြီးမှ ကျန်းမာရေး ရန်ပုံငွေလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း)ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုနှင့် သံလွင်မြစ်ရေမြှင့်တက်လာမှုတို့ကြောင့် မြေနိမ့်ပိုင်း နေအိမ်များနှင့် မြစ်ကမ်းနားနေအိမ်အချို့တွင် ရေဝင်ရောက်ခဲ့သဖြင့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးလျက်ရှိရာ အဆိုပါပြောင်းရွေ့နေထိုင်သော ပြည်သူ့များ အနေဖြင့် ကူးစက်ရောဂါတို့မှ ကြိုတင်ကာကွယ်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Subscribe to