ခန္တီးမြို့တွင် မိုးရာသီအထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ပြုလုပ်

 

ခန္တီး ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ၂၀၂၃ ခုနှစ်၊ မိုးရာသီ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ(၂၆)ရက် နေ့မှစတင်ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၃) နာရီခွဲအချိန်က ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပထမဆုရရှိသည့် အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု၊ ဒိုင်းဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး မျိုးဇော်မောင်ကလည်းကောင်း ပြိုင်ပွဲတွင် တစ်ဦးချင်း အကောင်းဆုံး ကစားသမားဆုများကို တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲသို့ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း (၁၁)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲအဖြစ် နန်စီပွန်အသင်းနှင့် မြို့မအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ နန်စီပွန်အသင်းမှ (၃)ဂိုး၊ ဂိုးမရှိနှင့် အနိုင်ရရှိခဲ့ပြီး ပထမဆုရရှိခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)