ယင်းမာပင်မြို့တွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
ပြည်သူများ၏ နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ခရိုင်/မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ များ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်များကို ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေး တို့အတွက် ယင်းမာပင်မြို့၊ မြို့ပေါ်ရပ်ကွက်များတွင် ယနေ့ နံနက် ၇ နာရီအချိန်က တန်ဖိုး သင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။