မြန်အောင် သြဂုတ် ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၃)စက်မှုလယ်ယာစခန်းမြန်အောင်၌ ယနေ့နံနက်က ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင် ပြုပြင်ထိန်းသိမ်းမှု(အခြေခံ) တောင်သူသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်စိုးက အဖွင်အမှာစကားပြောကြားပြီး ဟင်္သာတခရိုင် စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးအောင်ကျော်သန်းက သင်တန်းဖွင့်လှစ်ပေးခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသုံးလေ့လာရေး မှတ်စုစာအုပ်များကို မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူး ကြီးအောင်စိုးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသားများအား တစ်ဦးချင်းပေးအပ်ခဲ့ကြသည်။ သင်တန်းသို့ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှ သင်တန်းသား(၄၇)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ သြဂုတ်လ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ်သို့ကူးပြောင်းရေးနှင့် လယ်တစ်ဧက ၁၀ တင်းနှုန်း တိုးတက်ထွက်ရှိရေး ဆောင်ရွက်လျက်ရှိရာ ရိတ်သိမ်းခြွေလှေ့စက်များကို လယ်ယာလုပ်ငန်းခွင်တွင် စနစ်တကျနည်း မှန်လမ်းမှန်အန္တရာယ်ကင်းစွာသုံးစွဲတတ်စေရန်၊ ကျွမ်းကျင်စွာ မောင်းနှင်ထိန်းသိမ်းပြုပြင်တတ်စေရန်၊ စနစ်တကျချိန်ညှိတတ်စေရန်နှင့် စပါးအလေအလွင့်နည်းပါးရေးတို့အတွက် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)