လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

လှိုင်းဘွဲ သြဂုတ် ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုနှင့် သံလွင်မြစ်ရေမြှင့်တက်လာမှုတို့ကြောင့် မြေနိမ့်ပိုင်း နေအိမ်များနှင့် မြစ်ကမ်းနားနေအိမ်အချို့တွင် ရေဝင်ရောက်ခဲ့သဖြင့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးလျက်ရှိရာ အဆိုပါပြောင်းရွေ့နေထိုင်သော ပြည်သူ့များ အနေဖြင့် ကူးစက်ရောဂါတို့မှ ကြိုတင်ကာကွယ်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအနေဖြင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စေတနာရှင်အလှူရှင်များက လှူဒါန်းပေးထားသော စားနပ်ရိက္ခာများကို ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ကျေးရွာ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းအချိန်က ၎င်းတို့၏ နေအိမ်တွင် နေထိုင်ကြသော ရေဘေးသင့်ပြည်သူများအား အိမ်တိုင်ရာရောက် သွားရောက်ဖြန့်ဝေပေးခြင်း၊ ရွှေးဂွန်းကျေးရွာ အထက်ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်ကြသော ရေဘေးသင့် ပြည်သူများအား စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရွှေဂွန်းတိုက်နယ် ကျန်းမာရေးဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် တို့က ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)