ကျိုင်းတုံမြို့ရပ်တော်မူဘုရား၌ကျိုင်းတုံမြို့ရပ်တော်မူဘုရား၌စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်းကာလ အပတ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းဆွမ်းလောင်းလှူပွဲကို ဩဂုတ် ၁၂ ရက် နံနက် ၆ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ရပ်တော်မူဘုရား၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များ တက်‌ရောက်ကြသည်။

ကောက်စိုက်စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျ ကိုင်တွယ်၊ မောင်းနှင်၊ ထိန်းသိမ်းတတ်စေရန် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ကောက်စိုက်စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကို ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ အမှတ်(၂၀) စက်မှုလယ်ယာစခန်း၌ ကျင်းပသည်။

အ.ထ.က(၁) ဇလွန်တွင် ပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား/ ကျောင်းသူများ ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများ၊ အဋ္ဌမတန်းသင်ရိုးဟောင်း တိုင်းစစ်စာမေးပွဲတွင် (A)အဆင့်ဖြင့်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ ထူးချွန်အောင်သင်ကြားပြသပေးသော ဆရာ၊ ဆရာမများ ၊ ကျောင်းတွင်းစစ်စာမေးပွဲတွင် (A)အဆင့်ဖြင့် အောင်မြင်သော ကျောင်းသား ၊ ကျောင်းသူများ ၊ စာစီစာကုံး ၊ ပန်းချီ ၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် အ.ထ.က(၁)ဇလွန် အမျိုးသားကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

မိုးမောက်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်တို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  သြဂုတ်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

မြန်အောင်မြို့နယ်တွင် ဆီထွက်သီးနှံမိုးမြေပဲများစတင်ရိတ်သိမ်း၊ ဧက(၇၀၀၀)ကျော် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဆီထွက်သီးနှံ မိုးမြေပဲများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စတင်ရိတ်သိမ်းနေကြောင်းသိရသည်။ မြို့နယ်အတွင်း မိုးမြေပဲ (၇၂၁၂)ဧက စိုက်ပျိုးထားပြီးယာပြန်မြေပဲ ဧက(၃၀၀၀)ခန့်နှင့် ဆောင်းမြေပဲ(၁၉၀၉၄)ဧက စုစုပေါင်း(၂၉၂၆၁)ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ကမ္ဘာ့ဆင်များနေ့ အခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ သြဂုတ်လ ၁၂ ရက်  ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ရွှေစက်တော် မန်းချောင်းဆင်စခန်း ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ကမ္ဘာ့ဆင်များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး၊ မင်းဘူးမြို့နယ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစနစ်ဖြင့် ဓာတ်အားထုတ်လုပ်မည့် မင်းဘူးနေရောင် ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ Solar Power Project လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများတွင် ဝါဆို၊ ဝါကပ်တော်မူကြသည့် သံဃာတော်၊ သီလရှင်(၁၁၁)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ပထမအကြိမ် ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများတွင် ဝါဆို၊ ဝါကပ်တော်မူကြသည့် သံဃာတော်၊ သီလရှင်(၁၁၁)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များ၊ ပြည်သူများ၏စုပေါင်းအားဖြင့် ပထမအကြိမ် ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆက်ကပ်လှူဒါန်းပွဲရေစက်ချမင်္ဂလာအခမ်းအနားကို ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ဩဂုတ် ၁၂ ရက်၊ ယနေ့ နံနက် ၉ နာရီခွဲအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကမ်းစပ်တစ်လျှောက်တွင် ဒီရေတောပင်များ စိုက်ပျိုး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကမ်းနားတစ်လျှောက် ဒီရေတောပင်များ ပိုမိုများပြားလာစေရန်  ရည်ရွယ်၍ ယနေ့ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ ကမ်းစပ်အနီးတွင် ဒီရေတောအပင်များ သွားရောက် စိုက်ပျိုးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မြင့်သိန်း၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၏ စားရေရိက္ခာဖူလုံစေရေးနှင့် သီးခြားလိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုးဖြည့်ဆည်းပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၏ စားရေရိက္ခာဖူလုံစေရေးနှင့် သီးခြားလိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
Subscribe to