ထန်းတပင်(ပဲခူး) ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများအား အမြင်အာရုံ ကောင်းမွန်စေရန်အတွက် မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို တောင်ငူခရိုင် မျက်စိအထူးကုဆရာဝန် ဒေါက်တာဒေါ်ခင်ဝင်းမော် ဦးဆောင်သော ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် မျက်မှန်အခမဲ့ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝန်း အတွင်းရှိ လူနာစောင့်များနားနေဆောင်တွင် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူခရိုင် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ဒေါ်ခင်ဝင်းမော်၊ မျက်မှန်ကျွမ်းကျင်ပညာရှင်များနှင့် မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများက ပြည်သူ (၁၀၀) ဦးအား မျက်စိကျန်းမာရေး စစ်ဆေးပေးခြင်း၊ မျက်မှန်တပ်ဆင် ရန်လိုအပ်သူများအား မျက်မှန်အခမဲ့ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မျက်စိကျန်းမာရေးစောင့်ရှောက်မှုပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးဝင်းနိုင်နှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များတက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)