လွိုင်လင် ဩဂုတ် ၁၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ဓာတ်မြေဩဇာများကို လွိုင်လင်မြို့နယ် တောင်သူများထံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက တောင်သူ ဦးတေဇ၏ လယ်အနီးတွင် ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ဓာတ်မြေဩဇာများ ပေးအပ်ပါသည်။
ရှေးဦးစွာ အစီအစဉ်အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစေယလှိုင်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ရခြင်း အကြောင်းကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိူရေးဦးစီးမှူးက ဓာတ်မြေဩဇာ အသုံးပြုပုံများကိုလည်းကောင်း ရှင်းလင်းပြောကြားပါသည်။ ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည် ဓာတ်မြေဩဇာများကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လွိုင်လင်မြို့နယ် (လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်) တို့မှ တောင်သူများ အားပေးအပ်ကြပါသည်။ ဆက်လက်၍ ဓာတ်မြေဩဇာ ကြဲပက်ခြင်းကို ကွင်းဆင်းဝန်ထမ်းများမှ သရုပ်ပြသကြရာ ဌာနဆိုင်ရာအကြီးအကဲများ တောင်သူများ ကကြည့်ရှုလေ့လာကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
လွိုင်လင်ခရိုင်အတွင်း၌ မိုးစပါးမျိုးစေ့ထုတ် (၉၀) ဧက၊ မိုးစပါးပန်းတိုင်စိုက်ဧက (၂၁၀) ဧက၊ မိုးစပါးစံပြစိုက်ကွက်ဧက (၇၆၅) ဧက၊ စုစုပေါင်းစပါးစိုက်ဧက (၁၀၆၅) ဧကတို့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တစ်ဧကလျှင် ဓာတ်မြေဩဇာ တစ်အိတ်နှုန်းဖြင့် (၁၀၆၅) အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တာဝန်ရှိဟူ တစ်ဦးထံမှ သိရသည်။
ခရိုင်ပြန်/ဆက်