စစ်ကိုင်း ဩဂုတ် ၁၄
စစ်ကိုင်းမြို့ရှိ တက္ကသိုလ်များနှင့် ဌာနဆိုင်ရာများသို့ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(စစ်ကိုင်း)ဥက္ကဋ္ဌ ဦးအောင်ကြီးမှ ကျန်းမာရေး ရန်ပုံငွေလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း)ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှူဒါန်းပွဲတွင် သမဝါယနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက ရန်ပုံငွေ လှူဒါန်းပေးတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါကြောင်း အဖွင့်အမှာစကား ပြောကြားကာ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (စစ်ကိုင်း)ဥက္ကဋ္ဌက ရန်ပုံငွေလှူ ဒါန်းပေးရခြင်း ရည်ရွယ်ချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ကျန်းမာရေးရန်ပုံငွေ လှူဒါန်းပေးရာတွင် သမဝါယနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်(စစ်ကိုင်း) အတွက် (၁၅)သိန်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ်အတွက် (၁၅)သိန်း၊ စစ်ကိုင်းတက္ကသိုလ်အတွက်(၁၅) သိန်း၊ နည်းပညာတက္ကသိုလ်အတွက်(၁၅)သိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွက်(၁၅)သိန်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့အတွက်(၁၅)သိန်း၊ ခရိုင်/ မြို့နယ်တရားရုံးများအတွက်(၁၅)သိန်း၊ ခရိုင်/ မြို့နယ်ဥပဒေ ရုံးများအတွက်(၁၅)သိန်း၊ ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့အတွက်(၁၅)သိန်း၊ အမှတ်(၁)/ အမှတ်(၂)ရဲစခန်းများ အတွက်(၁၅)သိန်း၊ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့အတွက်(၁၅)သိန်း၊ ခရိုင်/ မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ရုံးအတွက်(၁၅)သိန်း၊ အခွန်ဦးစီးဌာနရုံးအတွက်(၁၅)သိန်း စုစုပေါင်း (၁၉၅) သိန်းတို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်