ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ လက်တွေ့မီးငြိမ်းသတ်ခြင်း သရုပ်ပြဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် (၂)နာရီအချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ယာ၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းအား သရုပ်ပြဆောင်ရွက်ခဲ့သည်။