ကန်ကြီးထောင့်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်

 

ကန်ကြီးထောင့် မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့‌ခြင်းအခမ်းအနားကို မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက ဧရာသီရိသုခခန်းမ၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးရဲနိုင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေနှင့် ဆန်၊ ဆီများအား ပေးအပ်ခဲ့ကြရာ သက်ဆိုင်ရာပြည်သူများက အသီးသီး လက်ခံရယူခဲ့ကြသည်။  

ကန်ကြီးထောင့်မြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ယာယီနေရပ်စွန့်ခွာပြည်သူ (၂၅၆)ဦးအား  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) ကျပ်နှုန်းဖြင့် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလစာတစ်ဦးလျှင် ငွေကျပ် (၆၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်