ထန်းတပင်မြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပိုစတာပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း( ထန်းတပင်)တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကျောင်းတွင်းမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပိုစတာပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ယနေ့နံနက်(၁၀)နာရီက မုန့်ပေါင်းကျေးရွာ “အလင်းသစ် ” စာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မုဒုံမြို့နယ်တွင် အချိန်တိုအတွင်း ဝင်ငွေရရှိသည့် ငွေနှင်းမှိုစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ငွေနှင်းမှိုကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး အချိန်တိုအတွင်း မိသားစုဝင်ငွေပိုမိုရရှိလာကာ ယခုအချိန်တွင် ကျေးရွာများ၌ မှိုစိုက်ပျိုးရောင်းချသူများ များပြားလာ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လည်(၁)နာရီက အခြေခံပညာမူလတန်း ​(၅၁၃)ကျောင်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။

ကလိန်အောင်မြို့တွင် ကျောင်းသာယာလှပစေရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ရာဖူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ယနေ့နံနက် ၉ နာရီက ကျောင်းသာယာလှပစေရေးအတွက် ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

ကာလိမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌​ အာဇာနည်နေ့ အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဆိပ်ဖြူမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြှင့်တက်လာမှုကြောင့် မြစ်ရေဝင်ရောက်လျက်ရှိသည့် ကျေးရွာများနှင့် မြစ်ရေဝင်ရောက်နိုင်သည့် နေရာများအား ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းအား ယမန်နေ့ မွန်လွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးကျန်းမာရေး ဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာမူလတန်း  မီးသွေးပုတ်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

၂၀၂၄-၂၀၂၅ ခုနှစ်၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရာသီအလိုက်စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံစိုက်စွမ်းအားတိုးမြှင့်ရေးပြိုင်ပွဲများတွင် ဆုရရှိသည့် ခရိုင်/မြို့နယ်တောင်သူများအား ဆုချီးမြှင့်သည့်အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရာသီအလိုက်စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံစိုက်စွမ်းအားတိုးမြှင့်ရေးပြိုင်ပွဲများတွင် ဆုရရှိသည့် ခရိုင်/မြို့နယ်တောင်သူများအား ဆုချီးမြှင့်သည့်အခမ်းအနားကို ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ်ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တောင်သူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
Subscribe to