မအူပင် မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ် ဖြစ်ပွားပေါ်ပေါက်မှုမရှိစေရေးနှင့် မီးဘေးအန္တရာယ် လုံခြုံရေးဆောင်ရွက်ထားရှိမှုများအား ယမန်နေ့နံနက် (၁၀) နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုအား မအူပင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိူးဋ္ဌေးဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မီးသတ်ဆေးဘူးထားရှိမှုများ၊ အရေးပေါ်မီးငြိမ်းသတ်ရေးဆောင်ရွက်ထားရှိမှုများအား စစ်ဆေးပြီး၊ စက်သုံးဆီဖြည့်လျှင် လိုက်နာရမည့်စည်းကမ်းချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုပုံနည်းလမ်းများ စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)