ကျောင်းသားလူငယ်များအနေဖြင့် ကွန်ပျူတာအား အခြေခံမှစတင်၍ ကျွမ်းကျင်တတ်မြောက်စေရန်ရည်ရွယ်၍ ထားဝယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

ထားဝယ် မတ် ၈

ကျောင်းသားလူငယ်များအနေဖြင့် ကွန်ပျူတာအား အခြေခံမှစတင်၍ ကျွမ်းကျင်တတ်မြောက်စေရန်အတွက် ရည်ရွယ်၍ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူလူငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မျိုးဆက်သစ်လူရည်ချွန်များ ထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်းမှတ်ဉာဏ်အားကောင်းလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကွန်ပျူတာပညာရပ်သည် ကမ္ဘာပေါ်တွင် အလေးပေးသင်ကြားနေရသော ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ကွန်ပျူတာတတ်မြောက်ကျွမ်းကျင်မှုသည် ယနေ့အချိန်အခါတွင် မရှိမဖြစ် လိုအပ်နေပြီဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ကွန်ပျူတာတတ်မြောက်ထားရန် လိုအပ်ကြောင်း၊ ယနေ့ခေတ် အလုပ်ခေါ်ဆိုမှုများတွင် ကွန်ပျူတာအခြေခံအား ကျွမ်းကျင်စွာတတ်မြောက်ထားသူနှင့် မတတ်သူ၏ အခွင့်အလမ်းသည် များစွာကွာခြားလှကြောင်း၊ လူတိုင်းအတွက် အခြေခံကွန်ပျူတာအရည်အချင်းများ တတ်ကျွမ်းထားရန်မှာ အရေးပါသောအခန်းကဏ္ဍတွင် ပါ၀င်နေကြောင်း ပြောကြားသည်။

သင်တန်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်နှင့် တာဝန်ရှိသူတို့က Computer Typing Mouse Skill English & Myanmar Typing လက်ကွက်ကျွမ်းကျင်မှု Skill  About Computer System  Microsoft Word  စသည့်ဘာသာရပ်များကို မတ် ၂၉ ရက်နေ့ထိ ကျောင်းသားလူငယ် (၄၅)ဦးအား စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပြသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော် (ထားဝယ်)