မိုးကုတ်မြို့နယ်၊ ပတ္တမြားဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများကြည့်ရှု

မိုးကုတ် မတ် ၈

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု၊ အသိပညာပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းများ ဆောင်ရွက်နေမှုကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ရှောလီဝိုင်းရပ်ကွက်ရှိ ပတ္တမြားဈေး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု၊ အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြခြင်းများ ဆောင်ရွက်နေမှုကို အမှတ် (၁) ရှေ့တန်းစစ်ဌာနချုပ်၊ အမှတ်(၁) နည်းဗျူဟာကွပ်ကဲမှုဌာန ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သက်ထွဋ်ဝင်းနှင့်အဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်မိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် များက ဈေးမီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးအကြံပြုခြင်း၊ ဈေးတာဝန်ခံနှင့် ဈေးဝန်ထမ်းများ၊ ဈေးသူ/သားများနှင့် ဈေးသို့လာရောက် သူများအား မီးဘေးကြိုတင်ကာကွယ်ရေး ကိစ္စရပ်များနှင့် မီးဘေးလုံခြုံရေး အသိပညာပေးမှုများ ဟောပြောခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့ မီးငြှိမ်းသတ်ခြင်း လုပ်ငန်းသရုပ်ပြခြင်းတို့ ဆောင်ရွက်နေမှူများအားကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)