ဘိုကလေး မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် (၂)နာရီအချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့ဝန်ထမ်းအိမ်ယာ၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းအား သရုပ်ပြဆောင်ရွက်ခဲ့သည်။
အသိပညာပေး ဟောပြောရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဝင်များဖြစ်ကြသည့် ဗိုလ်မှူးသိန်းထွေးမွန်၊ ရဲမှူးဟန်စိုးနောင်၊ ဘိုကလေးမြိုမစခန်းမှူး ဒုရဲမှူး ကျော်ဦးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၏ဇနီးသည်များ စုံညီစွာတက်ရောက်ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်က မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များအား အသိပညာပေး ဟောပြော၍ ဆီမီးလောင်မှု၊ ဂက်(စ်)မီးလောင်မှုတို့အား ငြှိမ်းသတ်နည်းကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သရုပ်ပြပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ဇနီးသည်များအား လက်တွေ့မီးငြှိမ်းသတ်စေခဲ့ကြောင်း သိရသည်။
မိုးစက်