၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် ကမ္ဘောဇဖလား အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကျင်းပပြုလုပ်သည့်၂၀၂၆ခုနှစ်၊ ဒုတိယအကြိမ် ကမ္ဘောဇဖလား အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲရှုံး/ထွက် ဆက်လက်ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်နေ့ပွဲစဉ်အဖြစ် Shan Youth အသင်းနှင့် MOD FC အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းတွင် မတ် ၇ ရက် ညနေ ၃ နာရီက ကြည့်ရှုအားပေးခဲ့ကြသည်။