တောင်တွင်းကြီးမြို့၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန(community centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းယောင်းမြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ မိုင်းယောင်း ဇူလိုင် ၁၆ ရာဇီ(ပြန်/ဆက်)

စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်‌ဆေး ကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက် (၉)နာရီခွဲက စေတုတ္တရာမြို့နယ်မိခင်နှင့်က‌လေးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရန်ပုံငွေမှ ရေဘေးကြောင့် ထိခိုက်သူများအား ငွေနှင့်ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေတာရှည်မြို့နယ်အတွင်းရှိ ရေဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများအား ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင်လ ၁၄ ရက်နေ့နံနက်ပိုင်းက မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှာဖွေ‌ရေးနှင့်ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နော်ဝေနိုင်ငံကြက်ခြေနီအသင်းတို့ပူးပေါင်းပြုလုပ်သည့် ရှာဖွေ‌ရေးနှင့်ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းခြင်း အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၁၅)ရက်နေ့က ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

အမရပူရမြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာပြိုင်ပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီနှင့်ကဗျာပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်ကပြုလုပ်ခဲ့သည်။

ရေးမြို့နယ်၌ မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ  ကျင်းပ

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် မိုးစပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့်  မျိုးစေ့ချစိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်၉နာရီက အစင်စံပြကျေးရွာတောင်သူဦးဆိုး၏ ဦးပိုင်အမှတ်၊ ၄၅/၂၊ ကွင်းအမှတ်-၁၁၆၀၊ ဧရိယာ ၆ ဒဿမ ၄ ဧကရှိလယ်မြေပေါ်တွင် ကျင်းပသည်။

ညောင်ဦးမြို့၌ ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်

ညောင်ဦးမြို့၌ ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ် ညောင်ဦး ဇူလိုင် ၁၆ ဒီပါလင်း
Subscribe to