ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ စက်သုံးဆီဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိစေရေးနှင့် စက်သုံးဆီပြတ်လပ်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ခိုလမ် မတ် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့အတွင်း ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့်စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲနိုင်ရေးအတွက် မတ်လ ၇ ရက်နေ့ နံနက် ၉ နာရီက မြို့စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှသူများက ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌  မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုး၊ နယ်မြေခံရဲစခန်းမှ စခန်းမှူး၊ နယ်မြေမီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး၊ စည်ပင်သာယာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ခိုလမ်မြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များအား သွားရောက်ပြီး  ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊စက်သုံးဆီများသတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုပဲ အခြင်အတွယ် မှန်ကန်စွာရောင်းချနိုင်ရေး၊ ခြိုးခြံချွေတာသုံးစွဲနိုင်ရေးနှင့် နေ့ရက်အလိုက် သတ်မှတ်ထားသော ( စုံ ၊ မ ) အက္ခရာယာဉ်အမှတ်များကို သက်မှတ်ရက်အလိုက် စနစ်တကျ ရောင်းချသွားရန်မှာ ကြားခဲ့ကြောင်း သိရှိရသည်။

ကျော်ဇင်