မလှိုင်မြို့ လေသာကျောင်းတိုက်၌ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ အမှတ်(၃)ရပ်ကွက်ရှိ လေသာကျောင်းတိုက်တွင် ဝါဆိုဝါကပ်တော်မူ ကြသည့်သံဃာတော်များအား ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကို ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။