လားရှိုး ဩဂုတ် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ လားရှိုးတက္ကသိုလ်အတွင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်းဆေးဖျန်းခြင်းလုပ်ငန်းများကို ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခြင်းဆေးဖျန်းခြင်းကို လားရှိုးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနေဝင်းလှိုင်နှင့် ဝန်ထမ်းများက ကျောင်းခန်းများ၊ အဆောင်များနှင့် ခန်းမများ၊ ဆရာ/ဆရာမများ၏ နားနေဆောင်များ ပတ်ဝန်းကျင်ကို ခြင်းဆေးဖျန်းခြင်းများအပြင် Abate ဆေးခပ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
လားရှိုးမြို့နယ်အတွင်း မိုးရာသီအချိန် ပေါင်းမြက်များ ထူထပ်စွာပေါက်ရောက်ပြီး ခြင်ကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဦးဆောင်၍ နှစ်စဉ်နှစ်တိုင်း လိုက်လံကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)