လားရှိုး ဩဂုတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် သာသနာ့နုဂ္ဂဟအသင်းကြီးမှကြီးမှူး၍ ဝါတွင်းကာလအတွင်း သံဃာတော်များ ဆွမ်းအဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိရာ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၅နာရီအချိန်တွင် အရုဏ်ဆွမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
အရုဏ်ဆွမ်းလောင်းလှူခြင်းကို လားရှိုးမြို့ ၊မဟာမြတ်မုနိဘုရားကြီးရှေ့၊ လမ်းမတော်လမ်းတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သံဃာတော် (၅၈၀)ပါးကို အရုဏ်ဆွမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
လားရှိုးမြို့ရှိ သာသနာ့နုဂ္ဂဟအသင်းကြီးသည် ဝါတွင်းကာလအတွင်း သံဃာတော်များ ဆွမ်း၊ ကွမ်းကိစ္စ အဆင်ပြေစေရေးအတွက် ဝါတွင်းကာလတစ်လျှောက်လုံး အပတ်စဉ် ဥပုဒ်နေ့တိုင်း ဆရာတော်၊ သံဃာတော် များအား အရုဏ်ဆွမ်းနှင့် လှူဘွယ်ပစ္စည်းများလောင်းလှူသွားမည်ဖြစ်ပြီး မည်သူမဆို ကုသိုလ်ပြု လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)