ချမ်းမြသာစည်မြို့နယ်၊ ပြည့်သူစာကြည့်တိုက်တွင် ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ချမ်းမြသာစည် ဩဂုတ်  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား /သူလူငယ်များ စာပေနှင့်ထိတွေ့ရာမှ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်လာစေရန်၊အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ သွက်လက်ထက်မြက်သောသူလေးများ ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက်ပိုင်းက ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စွမ််းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က ပြိုင်ပွဲစည်းကမ်းများနှင့် ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြိုင်ပွဲများကို ကျင်းပခဲ့ရာ  အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်း အဆင့် ကျောင်းသား/သူ (၂၅ )ဦးတို့က ပါ၀င် ယှဉ်ပြိုင်ခဲ့ကြသည်။  ၎င်းနောက် ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဒုတိယဦးစီးမှုး ဒေါ်မြင့်ကေသွယ်ခိုင်တို့က ဆုရရှိသော  ကျောင်းသား/သူများအား ပုံဆွဲစာအုပ်နှင့်ရောင်စုံ ခဲတံဗူးများကို အမှတ်တရ လက်ဆောင်အဖြစ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ (ချမ်း/စည်)