ချမ်းမြသာစည်မြို့နယ် အ.ထ.က(ခွဲ) (၁၃) ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ချမ်းမြသာစည် ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော  လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် အ.ထ.က (ခွဲ) (၁၃) ကျောင်းရှိ ချယ်ရီစူပါစိမ်းခန်းမ၌ ကျင်းပရာ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစီးအရာရှိ ဦးတင်‌‌မောင်ဝင်းနှင့်၀န်ထမ်းများ၊ကျောင်းအုပ်ဆရာကြီး ဦးနိုင်ဦးနှင့် ဆရာ/ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့‌ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် အမှတ်(၁၃) အခြေခံပညာအထက်တန်း ကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီး ဦး‌နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီးနောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်စိမ်းဝင်းက လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေး၊ အတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယခုလိုလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး အသိပညာဗဟုသုတနှင့် ပြည့်စုံသော လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်၊ လူငယ်များအနေဖြင့် တိုင်းပြည်နှင့် လူမျိုးအပေါ် ချစ်မြတ်နိုးစိတ်များနှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်နိုးကြားစေရန် “လူငယ်နှင့်ရည်မှန်းချက်‌” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားမှူး ဦးတင်‌မောင်ဝင်းက ကျောင်းသား/သူများ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ဉာဏ်ရည်ဉာဏ် သွေးများထက်မြက်ကာ ကျန်းမာရေးများကောင်းမွန်စေရန်အတွက် “လူငယ်နှင့် အားကစား”  ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့‌နောက် အခမ်းအနားအပြီးတွင်  ဟောပြောပွဲသို့  တက်ရောက်ကြသော အ.ထ.က(ခွဲ) (၁၃)ကျောင်းမှ ဆရာ/ ‌ဆရာမများနှင့်ကျောင်းသား/ သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော  အသိပညာဗဟုသုတနှင့် သုတ/ရသစုံလင်သော စာအုပ်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (ချမ်း/စည်)