လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

လားရှိုး  ဩဂုတ် ၁၂

လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ်လ ၇ ရက်နေ့  ညနေ ၄ နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ  ဒေါ်အေးအေးမွန်တို့က ဝန်ထမ်းများအား အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်း (၃၁) ဦးအတွက်  ဆန်၊ ဆီ၊ ဆားနှင့် ကြက်ဥများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)