ကမမောင်း ဩဂုတ် ၁၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကမမောင်းမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာဆုရဲထက်ဦးဆောင်၍ ကျန်းမာရေးစောင့် ရှောက်မှုများနှင့် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။
မိုးအဆက်မပြတ်ရွာသွန်း၍ သံလွင်မြစ်ရေတက်ရောက်မှုကြောင့် ကမမောင်းမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် လူနေအိမ်များနစ်မြုပ်ပြီးရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော ပြည်သူများအား ကမမောင်းမြို့ တိုက်နယ် ဆရာဝန် ဒေါက်တာ ဆုရဲထက်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ဆေးကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ရေဘေးကယ်ဆယ်ရေး စခန်းများဖြစ်သည့် အ.လ.က-၃ ယာယီဘေးရှောင်စခန်းနှင့် အ.မ.က-၅ ယာယီ ဘေးရှောင်စခန်းများရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ရှိမရှိစစ်ဆေးကာ ဘေးရှောင်ပြည်သူ(၂၃)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးများထိုးနှံပေးခဲ့သည်။
ကမမောင်းမြို့တွင် ဩဂုတ်လ ၁၁ ရက်နေ့ညနေ အထိ ရေဘေးကယ်ဆယ်ရေး စခန်းများတွင်အိမ်ထောင်စု(၁၂၉)စုမှ စုစုပေါင်းလူဦးရေ(၅၈၉)ဦး ယာယီပြောင်းရွှေ့နေထိုင် လျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးသော ဘေးရှောင်ပြည်သူ (၈၉)ဦး အား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)