အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

လွိုင်လင်  ဩဂုတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃)နှင့် အစိုးရနည်းပညာအထက်တန်းကျောဂ်းတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ(၂)နာရီက အဆိုပါကျောင်းခန်းမတွင်ပြုလုပ်ပါသည်။

ရှေးဦးစွာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တပ်စု(၃)မှ ရဲအုပ်ဉာဏ်လင်းထွန်းက  လူကုန်ကူမှုသမိုင်းကြောင်း၊ လူကုန်ကူးမှုခံရသည့်အကြောင်းအရင်း၊ တားဆီးနှိမ်နင်းရေးရဲတပ်‌ဖွဲ့၏လုပ်ငန်းများနှင့်ပတ်သက်၍ ဗီဒီယိုကလစ်ဖြင့်ပြသ၍ ရှင်းလင်းဟောပြောပါသည်။ ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်နှင့်စာဖတ်ခြင်းအကြောင်း၊  စာဖတ်ခြင်း၏အကျိူကျေးဇူးများအကြောင်း ဟောပြောပါသည်။ ယင်းနောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ဆရာ/ဆရာမများ ၊ ကျောင်းသား/သူများက စိတ်ဝင်တစားဖတ်ရှုလေ့လာကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်