ကျောက်ဆည်မြို့နယ်၌ ဧရာမင်း၊မနောသုခ၊ရွှေမနော်၊ဆင်းသုခ မိုးစပါး(၅၂၈၁၇)ဧက စိုက်ပျိုးလျက်ရှိ

ကျောက်ဆည်၊ ဩဂုတ်  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ဆန်စပါးဖူလုံ ပိုလျှံရေး ဧရာမင်း၊ မနော်သုခ၊ ရွှေမနော်၊ ဆင်းသုခ များအားအဓိကထားပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးစပါး (၅၂၈၁၇)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် မိုးစပါးစိုက်ဧကများပြည့်မီ ကျော်လွန်ရေး မြို့နယ် ဆည်မြောင်းမှ စိုက်ပျိုးရေများပေးဝေလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများ စိုက်ပျိုးရာတွင် ဇော်ဂျီ၊ ကင်းတား၊ သစ်တက်ကုန်း၊ ဆည်ရေများအပြင် မိုးကောင်းရေသောက်နှင့် မြေအောက်စက်ရေတွင်းများဖြင့် စိုက်ပျိုးလျက်ရှိရာ မင်းရဲ စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်(၅၉၇၀)ဧက၊  သင်းတွဲ စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း တွင်(၁၀၁၄၈)ဧက၊ သင်းဒီး စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်(၉၈၇၃)ဧက၊ ထုံးကြီး  စိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်း တွင် (၉၂၄၅)ဧက၊  စမာ စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် (၈၀၃၂)ဧက၊  တမုတ် စိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းတွင်(၉၅၄၉)ဧက၊  စုစုပေါင်း(၅၂၈၁၇)ဧက  စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။

မိုးစပါးများစိုက်ပျိုးရာတွင် ဒေသအလိုက် အစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်း၊ ပျိုးထောင်းစိုက်ပျိုးခြင်း၊ နည်းစနစ်များဖြင့် စိုက်ပျိုးကြပြီး စပါးစိုက်ခင်းများအောင်မြင်ရေး  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တောင်သူများနှင့်ပူးပေါင်းပြီး ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များနှင့် စိုက်နည်းစနစ်များ စနစ်အကျ ကူညီးပေးခြင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ အလှည်ကျ စနစ်ဖြင့် ပြည့်ဝစွာ ပေးဝေခြင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာမှ စက်ကိရိယာများဖြင့် ပူးပေါင်း ကူညီပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်ခရိုင် (ပြန်/ဆက်)