လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မီးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသ

လှိုင်သာယာ(အနောက်) မတ် ၈

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ စက်မှုဇုန်များတွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရန် မီးဘေးလုံခြုံရေးအသိပညာပေးဟော‌ပြောခြင်းနှင့် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းကို ယမန်နေ့နေ့လယ်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ကော်မတီရုံး ကနောင်ခန်းမတွင် ပြုလုပ်သည်။

အဆိုပါအခန်းအနားသို့ အင်းစိန်ခရိုင်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးနှင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် မီးသတ်တက်ဖွဲ့ဝင်များ၊ စက်မှုဇုန်ဥက္ကဋ္ဌနှင့် စက်ရုံ အလုပ်ရုံမှ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ ခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးက စက်မှုဇုန်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များကို ပညာပေး‌ ‌ပြောကြားသည်။

ထို့နောက်လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦး ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရန်နိုင်ဖြိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စက်မှုဇုန်သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များမှ  လက်တွေ့ မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်း၊ 191 Report Application အသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ သတင်းပို့သည့်စနစ်အားရှင်းပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မီးဘေးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အကြံပေးခြင်းနှင့်လိုအပ်သည်များ ထပ်မံဆောင်ရွက်ထားရှိရန် အသိပညာပေး ခြင်းများ ပြုလုပ်ဆောင်ရွက်ကြသည်။

မြို့နယ်(ပြန်/ဆက်)