ရန်ကုန် မတ် ၈
မတ်လ(၁၁)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အေချမ်းစွာဖြင့် ဖြေဆိုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၀၉:၀၀) အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (TTC) တွင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအား မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြင့်သူဦးဆောင်၍ အဖွဲ့ဝင် ဗိုလ်မှူး ဟန်လင်းအောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကမာရွတ်မြို့နယ် မီးသတ်ဦးစီးမှူးနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းမှဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာမေးပွဲဖြေဆိုမည့်အခန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် စစ်ဆေးခြင်းနှင့် ဆရာ၊ ဆရာမများအား မီးသတ်ဆေးဗူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
စိမ်းလဲ့ (ပြန်ဆက်)