မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း မီးလန့်မှုမီးလောင်မှုများမဖြစ်ပေါ်စေရေးအတွက် အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးသတိမူရေး အသိပညာပေးဆော်ဩခြင်း လုပ်ငန်းများကို မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ညနေ (၆) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

ကျွန်းစုမြို့နယ်၌ ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၅၀၈ ဦး ဝင်ရောက်ဖြေဆိုမည်

၂၀၂၆ ပညာသင်နှစ် မတ် ၁၁ ရက်မှ စတင်၍ ပညာရေးဝန်ကြီးဌာန  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ကျင်းပသွားမည်ဖြစ်ရာ  တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၅၀၈ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တာမွေမြို့နယ်တွင် မီးဘေးအန္တရာယ်သတိပြုကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်‌ပွားစေရေးအတွက် ယမန်နေ့ညနေပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်များဖြင့်လှည့်လည်၍ မီးသတိမူရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း စက်သုံးဆီသုံးစွဲမှုခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် စက်သုံးဆီသုံးစွဲမှု ခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၆) ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီ အခြေခံအင်္ဂလိပ်စကားပြော သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မတ် ၉ ရက် နံနက် ၉ နာရီခွဲက နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်သည်။

ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံဆွဲဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံဆွဲဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

ကန့်ဘလူမြို့၌ ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား နွေရာသီဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ် စာသင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို မတ် ၃ ရက်နံနက် ၉ နာရီက ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။

မြစ်သားမြို့နယ်၌ မျိုးကြက်သွန်စိုက်ပျိုးတောင်သူများ စတင်ရိတ်သိမ်း

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ကြက်သွန်မျိုးပန်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ  စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

ရေဖြူ၌ ကွမ်းသီးခြောက်‌ဈေး ရာသီအစကထက် ကျဆင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ရာသီပေါ်ကွမ်းသီး ယခင်လကထက်ကွမ်းသီးအခြောက်ဈေးနှုန်း ကျဆင်းလျက်ရှိသည်။

ပုံပါကျင်မြို့ တာလေကျေးရွာ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ တာလေကျေးရွာ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး၊ တောမီးနှင့်အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁)နာရီခွဲက ဌာနဆိုင်ရာတာဝန်ရှိသူများကွင်းဆင်း၍ အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
Subscribe to