ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌လူနာများအား အခမဲ့ကုသပေး

ဒိုက်ဦး ​မတ် ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိပှု ပါမောက္ခဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိအနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသောရဟန်းရှင်/လူ လူနာ (၂၀၀) ဦးကျော်အားအခမဲ့ကုသပေးခဲ့သည်။

အဆိုပါဆေးခန်းကို အပတ်စဥ်စနေနေ့တိုင်းဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ်သားဖွားရောဂါ၊ နှလုံးရောဂါ၊ သွားရောဂါ၊ အရိုးအကြောရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ဆီးလမ်းကြောင်းရောဂါစသည့်အထူးကုဆရာဝန်များကလည်း တစ်လလျှင်တစ်ကြိမ်လာရောက်၍ မေတ္တာဖြင့်ကုသပေးကြပြီးအသည်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသောသူများအား ဆေးထိုးပေးခြင်း၊ ဆေးဝါးများလည်းအခမဲ့ပေးလှူ​ပြီး အသည်းရောဂါကာကွယ်ရေးအတွက် ယနေ့မှစ၍ အပတ်စဥ်အသည်းရောင်အသားဝါ ဘီပိုးရှိမရှိစစ်ဆေးပေးမည်ဖြစ်ပြီး ပိုးမရှိသူများအား ဘီပိုးကာကွယ်ဆေးအခမဲ့ထိုးနှံပေးမည် ဖြစ်ပါကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)