ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် လေးမိုင်ကွေ့-နောင်ထလီ-ညိုမီး-နောင်းပနားဗွာ-လင်းကွင်း-ထီရီ (မွေးမြူရေးဇုန်) ရွှေညောင်လမ်းလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

တောင်ကြီး မတ် ၈

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး(မြို့ပြ)နှင့်အတူ လေးမိုင်ကွေ့-နောင်ထလီ-ညိုမီး- နောင်းပနားဗွာ-လင်းကွင်း-ထီရီ (မွေးမြူရေဇုန်) ရွှေညောင်လမ်းလုပ်ငန်းဆောင်ရွက်နေမှု မိုင်တိုင်အမှတ်၇/၇-၈/၀မိုင်ကြား၊မိုင်တိုင်အမှတ်၄/၅-၄/၆ မိုင်တိုင်ကြားအားမတ် ၇ ရက် နံနက် ၉ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ လေးမိုင်ကွေ့-နောင်ထလီ-ညိုမီး-နောင်းပနားဗွာ-လင်းကွင်း-ထီရီ (မွေးမြူရေးဇုန်) ရွှေညောင်လမ်းလုပ်ငန်းဆောင်ရွက်နေသည် မိုင်တိုင်အမှတ်၇/၇-၈/၀မိုင်ကြား၊ မိုင်တိုင်အမှတ် ၄/၅-၄/၆တို့တွင် ကတ္တရာလမ်းခင်းခြင်း၊ ကျောက်တောင်မိုင်းကွဲခြင်း၊ ကွန်ဂရစ်လမ်းခြင်းဆောင်ရွက်နေမှုနေရာကို လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့ညွှန်ကြားရေးမှူး (မြို့ပြ) နှင့် တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းပြသခဲ့သည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက မြို့ရှောင်လမ်းဖြစ်သည့်အတွက် လမ်းဘေးရှိ‌မြေနေရာများအား စိစစ်ရန်၊ လမ်းနယ်မြေဧရိယာများသတ်မှတ်ပေးရန်လို့အပ်ပါကြောင်း၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးရေး၊ လမ်းများ ရေရှည်ကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ရန် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော် (တောင်ကြီး)