မိုင်းဖြတ်မြို့နယ်၌ နွေရာသီအားကစားသင်တန်းများ (အခမဲ့)ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

မိုင်းဖြတ် မတ် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက်ရည်ရွယ်ပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများကို မတ်လ ၅ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ အားကစားသင်တန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ၊ အားကစားမှူး ဦးအောင်ကြည်စိုးထွေး၏ ကြီးကြပ်မှုဖြင့် နည်းပြများက နေ့စဉ်နံနက် ၇ နာရီမှစ၍ ညနေ ၅ နာရီအထိ မြို့မအားကစားကွင်းတွင် သင်ကြားပေးလျက်ရှိရာ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ မြန်မာသိုင်း၊ (Finess dance) စသည့် အားကစားနည်းများပါဝင်ပြီး သင်တန်းကို မတ်လ ၅ ရက်မှစ၍ ၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်‌ကြောင်း၊ သင်တန်းကို အားကစားနည်းများအလိုက် လူငယ်မောင်မယ် (၂၀၀)ဦး တက်ရောက်ကြကြောင်း အားကစားမှူး ဦးအောင်ကြည်စိုးထွေးထံက သိရသည်။

မြို့နယ် (ပြန်/ဆက်)