၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် ကမ္ဘောဇဖလား အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်

တောင်ကြီး မတ် ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကျင်းပပြုလုပ်သည့်၂၀၂၆ခုနှစ်၊ ဒုတိယအကြိမ် ကမ္ဘောဇဖလား အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲရှုံး/ထွက် ဆက်လက်ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်နေ့ပွဲစဉ်အဖြစ် Shan Youth အသင်းနှင့်  MOD FC အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းတွင် မတ် ၇ ရက် ညနေ ၃ နာရီက ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ယှဉ်ပြိုင်ကစားခဲ့ရာတွင် MOD FC အသင်းနှင့် Shan Youth အသင်းကို (၃) ဂိုး (၁) ဂိုးဖြင့် MOD FC အသင်းက အနိုင်ရရှိပြီး အကောင်းဆုံးအားကစားသမားဆုကို အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက MOD FC အသင်း ကျောနံပါတ် (၁၁) ကျော် ပြည့်စုံအား ငွေသားဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)