အထက်မင်းလှ ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင် က သင်တန်းဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ၊ မြို့နယ်ဦးစီးမှူး ဒေါက်တာပွင့်မြတ်နိုးသိမ့် က ကျေးရွာနေပြည်သူများ၊ မွေးမြူရေးကိုတက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာနှင့်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတို့ ချိတ်ဆက်မှုရရှိစေရန်၊ တိရစ္ဆာန်အကောင်ရေစာရင်း ကောက်ယူရာ တွင်အနီးစပ်ဆုံးရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ဌာနလုပ်ငန်းများနှင့်မွေးမြူရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ရန်၊ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံရာတွင် ပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)ရွာမှ သင်တန်းသား၊ (၂၀)ဦးအား ဩဂုတ်လ (၁၀)ရက်နေ့မှ (၁၂)နေ့အထိ စာတွေလက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးဌာနမှ သိရသည်။ ဇာဇာ(အထက်မင်းလှ)