နတ်မောက် ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ချည်မျှင်ရှည်ဝါတိုးတက်ထုတ်လုပ်ရေး စီမံကိန်းကွန်ပေါင်းဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မြင့်မြင့်ချိုက နတ်မောက်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၌ ချည်မျှင် ရှည်ဝါစိုက်ဧက (၂၂၈၄၆) စိုက်ပျိုးခဲ့ပြီး သီးထပ်စီမံကိန်းတို့းချဲ့ ဧရိယာ (၂၄၈၈)ဧကတိုးချဲ့ဆောင်ရွက်သွား မည်ဖြစ်ပြီး ဝါသီးနှံ တစ်ဧကပိဿာ (၇၀၀) ထွက်ရှိရေး အထူး( Pilot) ဧရိယာ(၂၀၀)ဧကနှင့် စံပြတိုးချဲ့ဧရိယာဧက (၈၅၀) စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်လာကြသည့် ကျေးရွာအုပ်စု (၂၈)အုပ်စုမှ ဝါစိုက်တောင်သူ (၂၄၅)ဦးတို့အတွက် (၄)ဧကလျှင် ကွန်ပေါင်းဓာတ်မြေဩဇာ တစ်အိတ်နှုန်းအား တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက တောင်သူများအား ငွေချည် -၁၁၊ ရွှေတောင်-၁၀ ၊ ငွေချည်-၉ ၊ ရွှေတောင်-၈ ၊ B -31 စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း