ဇီးကုန်းမြို့နယ်၌ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

ဇီးကုန်း     ဩဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အာဟာရ ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်မိခင်များအား အသိပညာပေး ဟောပြောခြင်းနှင့် အာဟာရထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးက အာဟာရနှင့်ပတ်သက်ပြီး အသိပညာပေးပြောကြာပြီး ကျန်းမာရေးမှူးအဆင့်(၁)ဦးသိန်းလှိုင်က ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အိုင်အိုဒင်းဓာတ် အရေးပါပုံနှင့် စားသုံးသင့်သည့် အာဟာရပြည့်ဝသည့် အစားအစာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါ်မြတ်ကေခိုင်က အာဟာရအုပ်စု(၃)စုအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကြက်ဥ၊ အိုင်အိုဒင်းဆားနှင့် ကိုယ်ဝန်ဆောင်အားဆေးများကို ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

တင့်ဆွေ(ပြန်ဆက်)