မိုင်းရယ်မြို့နယ် အ-ထ-က၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ပြုလုပ်

မိုင်းရယ် ဩဂုတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနကဦးစီး၍ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်  နယ်လှည့်စာကြည့်တိုက်ကို ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီက အဆိုပါကျောင်း၌ ပြုလုပ်သည်။

ထိုသို့ အသိပညာပေးဟောပြောရာတွင် မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ခင်မာလာက အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသားလူငယ်များကို လူကုန်ကူးမှုအန္တရာယ် ခေါင်းစဉ်ဖြင့် လူကုန်ကူးအန္တရာယ်ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းအရာများ၊ သတိထား ရှောင်ကြဉ်ရမည့် အချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ကျောင်းသား/သူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ကို ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူများကို နယ်လှည့်စာကြည့်တိုက်အဖြစ် ပုံပြင်စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)