နမ့်ဆန်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပ

နမ့်ဆန် ဩဂုတ် ၁၁

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို အခြေခံပညာအထက်တန်းကျောင်း ခွဲ(ထ.ခွဲ.လ-၁)တွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ကျောင်းသား/သူများအား စာပေဖတ်ရှုခြင်းဖြင့်  ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ စာဖတ်ခြင်းဆိုင်ရာများနှင့် စာပေဖတ်ရှုခြင်းဖြင့် အမှား၊ အမှန်များ ဝေဖန်ပိုင်းခြားတတ်ပြီး အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းက “သစ္စာရှိသော သူငယ်ချင်း” ပုံပြင်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)