တုံတာ ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မွန် ကစာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးအကြောင်းအရာများနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများကို ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၃၅)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပေးခြင်းနှင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းနှင့် Community Centre ခန်းမတို့တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားလာစေရန်၊ အသိပညာဗဟုသုတများရရှိ စေရန်နှင့် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများအား လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြတ်မွန်(ပြန်/ဆက်)