ဝေါမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများအား သွားနှင့်ခံတွင်း အထွေထွေကျန်းမာရေး ကုသပေး

ဝေါ  သြဂုတ်  ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော ကျောင်းသား/ ကျောင်းသူများ KG မှ Grade(4) အထိသွားနှင့် ခံတွင်းကုသခြင်းနှင့် Grade (5)မှ Grade (12)အထိ အထွေထွေကျန်းမာရေးစောင့်ရှောက် ကုသစစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဝေါမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဝေါအရှေ့)တွင် ပြုလုပ်ပေးခဲ့သည်။      

အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးကုသပေးခြင်းကို ဝေါမြို့နယ် တိုက်နယ်ကျန်းမာရေးဌာနမှ မိခင်နှင့်ကလေး အဟာရကျောင်းကျန်းမာရေး ဦးစီးအရာရှိ ဒေါက်တာဆုဝေကျော်၊ သွားဆရာဝန် ဒေါက်တာထက်ထက်စံ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ဝင်းနှင့် မြို့နယ်အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးသန်းနှင့် ကျန်းမာရေးဝန်ထမ်းတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

အောင်မြတ်လင်း (ပြန်/ဆက်)