လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုနှင့် သံလွင်မြစ်ရေမြှင့်တက်လာမှုတို့ကြောင့် မြေနိမ့်ပိုင်း နေအိမ်များနှင့် မြစ်ကမ်းနားနေအိမ်အချို့တွင် ရေဝင်ရောက်ခဲ့သဖြင့် ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးလျက်ရှိရာ အဆိုပါပြောင်းရွေ့နေထိုင်သော ပြည်သူ့များ အနေဖြင့် ကူးစက်ရောဂါတို့မှ ကြိုတင်ကာကွယ်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကမမောင်းမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလူတိုင်း ပါဝင်ဆောင်ရွက်ပေး အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက် (၁၁) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်၌ ချိတ်ဆွဲပြသပေးခဲ့သည်။

တောင်တွင်းကြီးမြို့နယ်အတွင်း ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် ပစ္စည်းတင်ဒါ၊ လုပ်ငန်း တင်ဒါဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ယမန်နေ့က မကွေးခရိုင်၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆလိုင်းနေအောင်ဆန်းမှ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယာယီရေဘေးရှောင်ကယ်ဆယ်ရေးခစန်းများရှိ ပြည်သူများ၏ ကျန်းမာရေးနှင့် ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)အား ကျင်းပပြုလုပ်သည်။

မက်မန်းမြို့နယ်တွင် မြစိမ်းရောင်‌ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲ ပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝးခန်းမတွင် ကျင်းပခဲ့သည်။

ဘူးသီးတောင်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမောင်သိန်းနှင့်အတူ ဝန်ထမ်းများသည် တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်(၉)နာရီအချိန်က ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

စဉ့်ကူးမြို့တွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ်တွင် ကျောင်းသား/သူများ အသိပညာတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ နံရံကပ်ဓာတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်ဓါတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယမန်နေ့နံနက်(၉)နာရီက တံတားဦးမြို့နယ် သင်ပန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ဘီးလင်းမြို့နယ်ရှိ ရေကြီးနစ်မြုပ်ခံရသည့် အနိမ့်ပိုင်းရပ်ကွက်အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ရေဘေးရှောင်ပြည်သူများထံ အခြေခံစားသောက်ကုန်နှင့်ထောက်ပံငွေများပေးအပ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဦးတိုးဝင်းနှင့် ပြည်နယ် /ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်အနိမ့်ပိုင်း ရေကြီးနစ်မြုပ်ခံခဲ့ရသည့်နေရာသို့ သွားရောက်ကြည့်ရှုပြီး ဘီးလင်းမြို့နယ်သာသနာ့ဗိမာန်၌ ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံကာ အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ကမမောင်းမြို့ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ   ရေဘေးသင့် ပြည်သူများအား ဆန်နှင့်ဆီများ ထောက်ပံ့

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးသင့် ပြည်သူများအား ယနေ့နံနက်ပိုင်း၌ ကမမောင်းမြို့ အမှတ်(၂) ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးတွင် တစ်ပတ်စာဆန်နှင့်ဆီများ ထောက်ပံ့ပေးခဲ့သည်။
Subscribe to