ဘားအံမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဘားအံ)တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်းဖွင့်ပွဲကို ဩဂုတ် ၁၂ ရက်နေ့နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဇော်နှင့် ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ၀.၂ ပေရေစတင်ကျော်သောကြောင့် အစိမ်းရောင်အလံလွှင့်ထူ၍ အသိပေးနှိုးဆော်ထား

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ရင်းရှည်ရေလှောင်တမံနှင့် မန်းချောင်းရေ လှောင်တမံရှိသည့်အနက် မန်းချောင်းရေလှောင်တမံသည် တမံအမြင့် ပေ ၆၄၀ ၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေ ရှိရာမှ  ဩဂုတ်လ ၁၃ ရက်နေ့တွင် ၆၂၅.၂၀ ပေ သို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၀.၂ ပေအမြင့် အဖြစ် စတင်ရေကျော်လျက်ရှိ၍ အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက်အရ ပြည်သူများသိရှိနိုင်ရန် အစိမ်းရောင် အလံလွှင့်ထူထားရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းမြင့်ကြည်ထံမှ သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၏ စားရေရိက္ခာဖူလုံစေရေးနှင့် သီးခြားလိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုး ဖြည့်ဆည်းပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၏ စားရေရိက္ခာဖူလုံစေရေးနှင့် သီးခြားလိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ပြည်မြို့ ကိုးသောင်း မူလတန်းလွန်ကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်မြို့ ကိုးသောင်း မူလတန်းလွန်ကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်မိုဘိုင်းယာဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနိုင်ရန် စီစဉ်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် မျက်မှန်အခမဲ့ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများအား အမြင်အာရုံကောင်းမွန်စေရန်အတွက် မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို တောင်ငူခရိုင် မျက်စိအထူးကုဆရာဝန် ဒေါက်တာဒေါ်ခင်ဝင်းမော် ဦးဆောင်သော ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မျက်စိကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် မျက်မှန်အခမဲ့ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝန်း အတွင်းရှိ လူနာစောင့်များနားနေဆောင်တွင် ဆောင်ရွက်ပေးခဲ့သည်။

စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲ ကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ် ဧကရာဒ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ ဖြစ်စေရန် ရည်ရွယ်၍  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင်   ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဓာတ်မြေဩဇာများကို လွိုင်လင်မြို့နယ် တောင်သူများထံပေးအပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ဓာတ်မြေဩဇာများကို လွိုင်လင်မြို့နယ် တောင်သူများထံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက တောင်သူ ဦးတေဇ၏ လယ်အနီးတွင် ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ဓာတ်မြေဩဇာများ ပေးအပ်ပါသည်။

ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်းဖွင့်ပွဲ မြန်အောင်တွင်ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၃)စက်မှုလယ်ယာစခန်းမြန်အောင်၌ ယနေ့နံနက်က ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင် ပြုပြင်ထိန်းသိမ်းမှု(အခြေခံ) တောင်သူသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
Subscribe to